တစ်ပတ်အတွင်း သတင်းအစီအစဉ်

တစ်ပါတ်အတွင်း သတင်း အခြေအနေများကို တင်ပြသွားမှာဖြစ်ပါတယ်။
(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယမန်နေ့ညနေက ပေါက်ကွဲအား အသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ အနီးတ၀ိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းကြောင့် ဖြစ်၏) အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟု ယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်း စစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်းမှ အချဉ်တို့ထားသော ကြက်ပေါင်တစ်ချောင်း ဖြစ်ကြောင်း သိရှိရသည်။ ထိုကြက်ပေါင်အား အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင် သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။
(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှု အခြေအနေများကို အငမ်းမရ သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာစားခဲ့သည်။
(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင် ပလက်ဖောင်း ဟိုဘက်ဒီဘက်ကို ဆက်သွယ်သော နှစ်ပေခန့်မြင့်သည့် မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည်ဖြစ်သည်။
(၄) အတင်းရေမှူးတစ် ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။
(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ် သက်သာသော်လည်း အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။
(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်က အ၀တ်အထည်ဟု ယူဆရသော အ၀တ်ထည်ကို ရှေးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ ယမန်နေ့က သဘာပတိသည် သူ၏ ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ ၄င်းအ၀တ်ထည်ကို ပြတိုက်မှ ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။
(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက် ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့် နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။
(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်စေရေး အတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည် ။ ဥပမာအားဖြင့်… မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance…. အစရှိသော ကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
(၉) လွန်ခဲ့သောရက်ပိုင်းအတွင်း စက်မှု(၁)၀န်ကြီးဌာနမှ ဆိုလာအင်နာဂျီသုံး မီးသီး၊ မီးချောင်းနှင့် ဓာတ်မီးများ စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သည်။ အဆိုပါ ထုတ်ကုန်များသည် ဆိုလာအင်နာဂျီကို ကြာရှည် သိုလှောင်ထားနိုင်စွမ်း မရှိသော်လည်း နေရောင်ခြည် တိုက်ရိုက်ကျရောက်နိုင်သောနေရာများတွင် ဘက်ထရီမလိုပဲ အလင်းရောင် ထုတ်လုပ်နိုင်သည်ဟု သိရသည်။
(၁၀) ရူးပေါဂိုဏ်းမှ ငှက္ကထသည် စက်မှု(၂)မှ အသစ်တီထွင်ထုတ်လုပ်သော MWE 2345 အမျိုးအစား ပိတ်ဖောက်ဇာဖြင့် ပြုလုပ်သည့် ကျည်ကာအင်္ကျီအား စမ်းသပ်ရန်အလို့ငှာ ကိုယ်တိုင်ဝတ်ဆင်၍ ခြောက်လုံးပြူးဖြင့် ပစ်ခတ်ကြည့်ရာမှ သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။
(၁၁) ကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်အရ ရေနံဆီ တကိုယ်လုံး သုတ်လိမ်းထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကိုကာကွယ်နိုင်ဟု သိရှိရသည်။ ထို့အပြင် ကလေးသူငယ်များ ဗိုက်မ၀မည်ဆိုးသောကြောင့် ယင်နားစာများ မ၀ယ်စားရန်လည်းသတိပေးခဲ့သည်။
(၁၂) ယမန်နှစ်က ကာကွယ်ရေးဝန်ကြီးဌာနမှ ၀ယ်ယူခဲ့သော MZA 123454321 အမျိုးအစား နောက်ဆုံးပေါ် တိုက်လေယဉ်သည် လောက်စာလုံးမှန်ပြီး လယ်ကွင်းထဲသို့ပျက်ကျခဲ့ရာ လယ်ကွင်းနှင့် မိုင် ၉၀ အကွာတွင် နွားကျောင်းနေသူအား တရားခံဟု ယူဆကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
(၁၃) ထောက်လှမ်းရေးချုပ်ကြီးသည် လွန်ခဲ့သော ၄လက ကျင်းပသော လေးလပတ် အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ယနေ့နံနက်ခင်း ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ အိမ်အတွက်လိုအပ်သည်များကို မှာကြားပြီး နေ့လည် ၁၂နာရီတွင် ရဟတ်ယာဉ်ဖြင့် ဂေလမ်းသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၄) မွေးမြူရေးဝန်ကြီး၏စီမံချက်အရ မွေးမြူထားသော ငါးသားပေါက်များအနက် ၉၀% နှုန်းမှာ ရေနစ်သေဆုံးလျှက်ရှိသည်။ ထိုငါးသားပေါက်များ အလဟဿမဖြစ်စေရန် မွေးမြူရေးဝန်ကြီးမှ မုန့်ဟင်းခါးချက်စားခဲ့သည်ဟု သိရှိရသည်။
(၁၅) လွန်ခဲ့သော ကြာသာပတေးနေ့တွင်ကျရောက်သော ရူးပေါဂိုဏ်း သဘာငတိကြီး၏ ဇနီးထံသို့ အမေရိကန်သမ္မတလောင်း အိုဘားမား က အောက်ပါ မွေးနေ့ဆုတောင်းလွှာကိုပေးအပ်ခဲ့၏ ။
~~
Deer sweet hart,
Happy badday!!!!!! Witch.. u could unjoin with ur new chit chit on ur badday.
Ur fakefully,
Mr O (pronounce as O, not zero)
~~
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။
ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရဲ
======================================================
ချမ်းရဲ ဘလော့ဂ်မှ အောက်ပါ ပို့စ်နှစ်ခုအား ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ဆားချက် ပေါင်းစပ်ဝေမျှခြင်း ဖြစ်ပါသည်။
- တစ်ပါတ်အတွင်း သတင်းအစီအစဉ်
- ယခုအပတ် သတင်းအစီအစဉ် (၁၂၊ ၁၁၊ ၂၀၀၈)




December 3rd, 2008 at 3:34 am
လာကျော်ထူးရေ…။ ပြန်ရအောင်ဟ
December 3rd, 2008 at 3:46 am
Very Nice and funny!
December 3rd, 2008 at 6:40 pm
hope tal byote ,ko han thit yay tar tar kyauk kyauk byar, kal ko kyaw htoo yay car byar gi yauk nat pi nat tu tal ,
December 3rd, 2008 at 9:19 pm
HILARIOUS!!! KEEP IT UP!!!
December 4th, 2008 at 5:39 am
မိုက်သဗျာ … မူလရေးတဲ့ ကိုချမ်းရဲရော ပြန်လည်တင်ဆက်ပေးတဲ့ ကိုဟန်ရော ကျေးဇူးဗျို့ … လည်စရာဘလော့ဂ် တခု ထပ်တိုးပြန်ပြီ
December 5th, 2008 at 1:04 pm
ကျနော်ပါဘူးနော်…
December 7th, 2008 at 3:16 pm
အရမ်းကို ပျော်ရွှင်စရာဖြစ်တဲ့သတင်းလေးတွေကို ရေးသားတဲ့လူတွေကို ကျေးဇူးတင်ပါတယ်။
December 13th, 2008 at 4:18 pm
December 17th, 2008 at 8:09 pm
I love this program so funny and other massages
December 26th, 2008 at 7:17 pm
I like it. I hope to read next week again.
March 23rd, 2009 at 7:17 pm
Hello,
I have already seen it somethere…
Thanks
Elcorin